0 comments

0x3 :~ g610-U00 custom rom !

ဓါတ်ပုံတွေ ဘာတွေနဲ့ သေချာ ရှင်း ပြ မနေတော့ပါဘူးဗျာ ဘာလို့လဲဆိုတော့ တော်တော် များများက တော့ရှင်းပြ ပြီးသွားပြီဆိုတော့ ... အဲဒီတော့ အခု ထပ်ပြီးတော့ တိုတိုနဲ့ လိုရင်းကိုပြောပြရမယ်ဆိုရင်တော့ ...

G10-U00 ကို custom rom တင်နည်းပေါ့ဗျာ ... ကျွန်တော် သူများတေလိုတော့ မချမ်းသာပါဘူး အဲတော့ ကျွန်တော် 610 တလုံး ကိုင်ပါတယ် တနေ့ သူငယ်ချင်းက custom rom တင်ပြီး ကျွန်တော့လာကြွားတယ် သူလုပ်ပေးမယ် ဘာပေးမယ်ပေါ့လေ ... အဲဒါနဲ့ မလုပ်နဲ့ ဆိုပြီးတော့ ကိုယ့်ဘာသာ ရှာတယ် စမ်းတယ် အဆင်ပြေ သလောက်တော့ရှိပါတယ် ... ဒါပေမယ့် custom rom ဆိုတဲ့ အတိုင်းပဲ ပြည့်စုံမှုမရှိလို့ မကြိုက်လို့ ပြန်ပြီးတော့ ဖြုတ်ပစ်လိုက်ပါတယ် လို့စ် :P ပြန်တပ်တော့ တပ်တက်တော့ဖူးလေ အဲဒါ အကျင့်လိုလိုကိုဖြစ်နေတော့ လဲ ဆိုင်သွားပြတာ တော်သေးတယ် သဘောက လဲ အလွန်ကောင်း ( ပက် ပက် ဆက် ဆက် ကိုကောင်းတာဗျာ ) မနောကလဲ အလွန်ကောင်း ( အဆဲမပါရင် ပြောတက်ဖူးလား မသိပါဘူးလေ အယ်လေ မနောကလဲ အလွန်ကောင်းပါတယ်လို့ ) အပြောကလဲ ပိုးဆိုးပက်ဆက်ကောင်းတယ် ( ပိုးဆိုး ဆိုသလို ပက် ပြီး ဆဲပါတယ် အယ်လေ မဟားဒယား ကောင်းတဲ့ ) ခပ် ပိန်ပိန် အကိုကြီး ( မွေးတုန်းကလို့တော့ပြောတာပဲ လေ ဟုတ်ချင်မှလဲ ဟုတ်မှာပါ :3 ) အဲဒီ အကိုကြီးက ကျွန်တော့ကို ကူညီပေးလိုက်လို့ကောင်းသွားတာပေါ့ဗျာ ဟီး ... :P ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ဗျ ဇေ စကားလေးနည်းနည်းလောက်ကို ... ကဲ အရင်ဆုံးတော့ g610-U00 ကို vr00t နဲ့ ကောက်ဖောက်ပစ်လိုက်ပါ ပေါက်သွားပါလိမ့်မယ် နားအေးတာနော် ဟီး :P ဖောက်ပြီးရင်တော့ ...

Mobile Uncle ကိုသွင်းထားလိုက်ပါ ...




root accesses တောင်းလာရင်ပေးလိုက်ပြီးတော့ memory stick ထဲကို ... cwm recovery.img file လေးထည့်ပေးလိုက်ပါ ... ပြီးရင်တော့ Recovery Update ဆိုတာလေးကိုနှိပ်ပေးပြီး ခဏစောင့်လိုက်ရင်တော့ ... recovery.img လေးပေါ်လာပါလိမ့်မယ် ... အာ့လေး နှိပ်ပေးပြီးတော့ Ok n Ok ဆိုတာလေးကို နှိပ်ပေးလိုက်ရင်တော့ Restart ကျသွားပြီးတော့ cwm ကိုရောက်သွားမှာဖြစ်ပါတယ် ... :P


cwm ကနေပြီးတော့ stock recovery ပြန်လုပ်ဖို့ကတော့ ၂ နည်းရှိပါတယ် ... ၁ နည်းကတော့ cwm တင်ပြီး custom rom တင်လိုက်လို့ mobile uncle တို့ဘာတို့လဲ မပေါ်တော့ဘူး နောက်တော့ ... custom rom တင်ရင်းတခုခုဖြစ်သွားပြီးတော့ logo မှာပဲရပ်သွားရင်တော့ ... လုပ်လို့ရတာ ၁ နည်းနဲ့ custom rom တက်သေးရင် ၁ နည်းဆိုပြီး ၂ နည်းသိထားပါတယ်လို့စ် :P  အရင်ဆုံးတော့ custom rom ဘယ်လိုတင်းရမလဲဆိုတာကို နည်းနည်းရှင်းပြပေးပါ့မယ် ... custom rom တင်နည်းကတော့ cwm ကိုသွားပြီး update from sd card လား ဘာလားတော့ မှတ်မိတော့ဖူး ... ဖုန်းကို restart ချရမှာပျင်းလို့ ချတော့မှပဲ ပြန်ပြောပေးပါ့တော့မယ် ... :P :P :P အပျင်းက ရှယ်ကြီးတယ်လေ ခိေိ :P အိုခေ ဘာဘာညာညာ sd card ဆိုတာကိုရွေးပြီးတော့ custom rom zip လေးကို လမ်းကြောင်းညွှန်းပေးပြီးတော့ Yes ... ဘာဘာညာညာလေးကိုနှိပ်ပေးလိုက်ရင်တော့ restart ကျသွားပြီး custom rom နဲ့ လန်းနိုင်ပါပြီ ... များသောအားဖြင့် custom rom တော်တော်များများက root ပါပြီးသားပါ နောက်တော့ Mobile Uncle ပါ တခါထဲသွင်းပြီးသားပေါ့ဗျာ ... ကျွန်တော်ပြောခဲ့သလိုမျိုးတေ ဖြစ်သွားရင်တော့ ... တနည်းက stock recovery ကို ပြန်သွင်းနည်းပါ ... အဲဒါကတော့ Mobile Uncle ကို သွားပြီးတော့ cwm တင်သလိုပါပဲ နောက်တနည်းကတော့ sd card လမ်းကြောင်းညွှန်းပြီး custom rom တင်သလိုပါပဲဗျာ ... အရင်ဆုံး Mobile Uncle နည်းနဲ့လုပ်ချင်တယ်ဆိုရင် တော့ ... 

ဒေါင်းပြီးတော့ Mobile Uncle ကနေပြီးသွင်းလိုက်ပါ ... အဲလိုမှ မဟုတ်ပဲ custom rom logo လေးမှာပဲရပ်သွားပြီဆိုရင်တော့ဖြင့် ... 


from sd card ဘာဘာညာညာရွေးပေးလိုက်ရင်တော့ အဆင်ပြေ ချော့မွေ့သွားပြီပေါ့ဗျာ ... အဆင်မပြေဘူးဆိုရင် ဘယ်နားမပြေဘူးဆိုတာလေးကို ပြောပေးပါ သေချာ ရှင်းလင်းတိကျစွာ ဖော်ပြပေးပါ့မယ် ...  ဘာတွေရေးမှန်းမသိတာကို သီးခံဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် :P

ပုံ 

ဘရမ်းဘဒါ ဦး ကစ်ဒို :P

( Labels: ) Read more

0 comments

0x2 :~ GT-I9000 Root လုပ်နည်း


Samsung Galaxy S GT-I9000 ကို Root လုပ်တဲ့နည်းလေးပါ မိမိဖုန်းရဲ့ Settings>About phone ကိုသွား၍ စစ်ဆေးကြည့်ပါ Model number: GT-I9000Firmware version: 2.3.6 ဖြစ်ရပါမယ် အခုရေးပြထားတဲ့ Model number နဲ့ Firmware version မဟုတ်သောဖုန်းများကို ဒီနည်းနှင့် Root လုပ်လို့ ရနိုင်မရနိုင် အတိအကျမပြောနိုင်ပါဘူး။ 

အိုကေ အဆင်ပြေတယ်ဆိုရင်တော့ ... ဆက်ကြတာပေါ့ဗျာ ... အရင် ဆုံး ဖုန်းကို Power Off လိုက်ပါ ပြီးရင်တော့ Vol + က လွဲပြီးတော့ ကျန်တဲ့ ခလုတ်တွေကို ဖိထားလိုက်ပါ Downloading ... ဆိုပြီးတော့ ရပ် နေပါလိမ့်မယ် အဲအချိန်မှာ Odin ကိုဖွင့်ပြီးတော့ PDA မှာ root file ကိုရွေးပေးလိုက်ပါ ... အိုခေ ရင် ခဏစောင့်ပေါ့ဗျာ ... ပြီးရင်တော့ 
0:[COM11] ဘာဘာညာညာတွေ ပေါ်လာပါလိမ့်မယ် အဲဒီလိုပေါ်လာရင်တော့ Start ဆိုတာလေးကို နှိပ်ပေးပြီးရင်တော့ Message ဆိုတဲ့ အောက်မှာ ... Complete ... ဘာဘာညာညာထပ်ပေါ်လာပါလိမ့်မယ် အဲလိုပေါ်လာရင်တော့ အဆင်ပြေသွားပြီပေါ့ဗျာ ... CWM နဲ့ root လေးပေါ်လာပါလိမ့်မယ် Applications အောက်မှာတော့ .... အဲဒလိုဆိုရင် အဆင်ပြေသွားပါပြီဗျာ ...

Not For ဆ ဆရာ ကြီးများ  ~

Download Links 



အဆင်ပြေကြပါစေလို့ ... မေတ္တာဖြင့် ဆရာ များဖတ်ပြီးရင် အဆဲခံရင် မသိသေးတဲ့လူတွေ အတွက် စေတနာ သန့်သန့်လေး ( adf မပါပဲ ဝေမျှပေးလိုက်ပါသည် .... နည်းနည်းတော့ ကညှော့တာပေါ့နော် ငိငိ :P )
( Labels: ) Read more

0 comments

0x1 :~ About This web !~

ဒီဆိုဒ်ကို စရေး တဲ့အကြောင်း မပြောခင် အလုပ် တခုလုပ်နေတာလေးက စလိုက်တာပေါ့ဗျာ ... ကျွန်တော် အလုပ်လုပ်နေရင် ဒီဆိုဒ် အသက်ရှည် မှာဖြစ်ပြီး မလုပ်တော့ရင်အသက်တိုတာပေါ့ဗျာ xP ကျွန်တော် အလုပ်တခုရတယ်ဗျ အဲဒါကတော့ ဖုန်း  service ပိုင်းလေး တခုပေါ့ အဲဒီ service မှာ လုပ်ခဲ့တာကို တခုခြင်း ပြန်ရှင်းပြပေးသွားမလို့ပါပဲဗျာ ... လုပ်ခဲ့လို့ အဆင်ပြေတာတွေကိုပေါ့ဗျာ ...

အဲဒီတော့ ပထမ ဆုံး post လူဖတ်ချင်အောင် တိုတိုနဲ့လိုရင်းကို ရေးလိုက်တယ် ဒါပဲ ဟီးဟီး :P
( Labels: ) Read more
Best viewed on firefox 5+

Total Pageviews

Copyright © Design by Kiddo Monstar